ပြာပုံထဲက ဖီးနစ်ငှက်၊ မျက်ရည်စက်တွေနဲ့ ရေးတဲ့ သမိုင်း
ခေတ်တစ်ခေတ်ရဲ့ လူငယ်ထူးချွန်သူဆိုတာ ခံစားချက်ကင်းမဲ့သူ မဟုတ်ဘဲ ပြာပုံထဲက မွေးဖွားပြီး မျက်ရည်စက်တွေနဲ့ သမိုင်းကို ပြန်ရေးကြသူတွေ ဖြစ်ကြောင်း ဖော်ကျူးထားသော ဒဿနစာတမ်း။
ကျွန်မသည် ဖိနှိပ်မှုယန္တရားများကို ဒဿနိကဗေဒနှင့် ဝေဖန်ပိုင်းခြားတွေးခေါ်မှုဖြင့် မေးခွန်းထုတ်ပြီး၊ ကျား၊ မ တရားမျှတမှုနှင့် လူ့အခွင့်အရေး ရရှိရေးအတွက် ရေးသားသုတေသနပြုကာ ရပ်တည်လှုပ်ရှားနေသူ ဖြစ်ပါသည်။
နိုင်ငံရေးနှင့် လူမှုဒဿန သုတေသီ
“ထက် မြင်တာကတော့ ဖိနှိပ်သူ (Oppressor) ဆီမှာ သွားပြီး 'ကျမတို့ကို နည်းနည်းလောက် လျှော့ပြီး ဖိနှိပ်ပါလား' လို့ တောင်းဆိုလို့ မရပါဘူး။ ဖိနှိပ်မှုစနစ် (System of Oppression) တစ်ခုလုံးကို ဖျက်သိမ်းမှသာ လွတ်မြောက်မှုအစစ်အမှန်ကို ရမှာပါ။ ဥပမာ - အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်နေတဲ့ ယောကျ်ားတစ်ယောက်ကို 'နောက်တစ်ခါ မရိုက်ပါနဲ့နော်' လို့ တောင်းပန်နေရုံနဲ့ မရပါဘူး။ အဲ့ဒီ အကြမ်းဖက်တဲ့ ဝန်းကျင်ကနေ ရုန်းထွက်ပြီး ဘဝသစ်ထူထောင်မှ ရမှာပါ။”
၂၀၂၃ ခုနှစ် အထက်တန်းကျောင်းသားဘဝ စာသင်ခန်းထဲ၌ စတင်ရေးသားခဲ့ပြီး ၂၀၂၅ မေလတွင် ပြီးစီးခဲ့သော စာမျက်နှာ ၁၇၁ မျက်နှာပါ ဒဿနနှင့် နိုင်ငံရေးလမ်းစဉ် စာအုပ်ကြီး။ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ လစ်ဘရယ်ဒီမိုကရေစီ၊ အမျိုးသမီးဝါဒနှင့် ဂေဟဗေဒဝါဒတို့ကို ပေါင်းစပ်ကျော်လွန်ကာ စောင့်ရှောက်မှုကျင့်ဝတ် (Ethics of Care)၊ အခြေခံကျသော တန်းတူညီမျှမှု (Radical Equality)၊ အောက်ခြေမှ ဝဲသီဒီမိုကရေစီ နှင့် မူပိုင်အလံတော်ဖြင့် လူ့ဘောင်သစ်ဆီသို့ လမ်းပြထားသည်။
“ဒီစာအုပ်ကို မဖတ်ပါနဲ့... တကယ်လို့ သင်က ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲရတာကို ပျော်နေတဲ့သူဆိုရင်ပေါ့။ 😉” စာမျက်နှာ ၁၆၉ မျက်နှာလုံးတွင် “သင်ဟာ ပြုပြင်စရာ ပရောဂျက်တစ်ခု မဟုတ်ဘူး၊ တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ပဲ” ဟု ဖော်ကျူးထားပြီး၊ ခေတ်သစ် အရင်းရှင် အပြေးပြိုင်ပွဲအတွင်း ပင်ပန်းနွမ်းနယ်မှု (Burnout) ကို ငြင်းပယ်ကာ ကိုယ်ပိုင်ခြေလှမ်းဖြင့် ဖြည်းညင်းစွာ လျှောက်လှမ်းခြင်း၏ တိတ်ဆိတ်သော စွမ်းအားကို တင်ပြထားသည်။
အမေရိကန်-တရုတ် မဟာဗျူဟာပြိုင်ဆိုင်မှု၊ တရုတ်၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းနှင့် CMEC အိန္ဒိယသမုဒ္ဒရာ စင်္ကြံ၊ ထိုင်ဝမ်နှင့် NATO–ယူကရိန်း အခင်းအကျင်းများကြား မြန်မာနိုင်ငံအတွက် ဖြစ်နိုင်ခြေရှိသော အနာဂတ်အခြေအနေ (၃) ရပ်ကို ပထဝီနိုင်ငံရေး ဇယားမြေပုံ ၆ ပုံဖြင့် သုံးသပ်ထားသော စာတမ်း။
လူမှုအပြောင်းအလဲအတွက် အသိပညာဗေဒ၊ ကျား၊ မ တန်းတူရေးနှင့် ဖိနှိပ်မှုဆန့်ကျင်ရေး အခြေခံအုတ်မြစ်များ။
ဖိနှိပ်ချုပ်ချယ်သော ကျား၊ မ ဒွိစုံစနစ်များကို မေးခွန်းထုတ်ခြင်း၊ Transgender နှင့် Queer အသိုက်အဝန်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လူ့ဂုဏ်သိက္ခာကို ကာကွယ်ခြင်း။
Paulo Freire ၏ ဖိနှိပ်ခံတို့၏ ပညာရေးဒဿနနှင့် Miranda Fricker ၏ အသိပညာဗေဒဆိုင်ရာ တရားမျှတမှု သဘောတရားများဖြင့် မြန်မာ့လူ့ဘောင်ကို လေ့လာသုံးသပ်ခြင်း။
လူ့အခွင့်အရေးနှင့် တရားမျှတမှုကို မည်သည့်အာဏာရှင်အောက်တွင်မျှ အလျှော့မပေးဘဲ အလုံးစုံလွတ်မြောက်ရေးအတွက် မဆုတ်မနစ် ရပ်တည်ခြင်း။
Intersectionality, Heteronormativity, Hegemony, Biopolitics စသည့် ခေတ်သစ်ဒဿန ဝေါဟာရများကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် လေ့လာရန်။
ခေတ်တစ်ခေတ်ရဲ့ လူငယ်ထူးချွန်သူဆိုတာ ခံစားချက်ကင်းမဲ့သူ မဟုတ်ဘဲ ပြာပုံထဲက မွေးဖွားပြီး မျက်ရည်စက်တွေနဲ့ သမိုင်းကို ပြန်ရေးကြသူတွေ ဖြစ်ကြောင်း ဖော်ကျူးထားသော ဒဿနစာတမ်း။
တန်ဖိုးကို မည်သူက သတ်မှတ်သနည်း၊ ဂုဏ်သိက္ခာကို မည်သည့်နေရာတွင် ရှာဖွေရမည်နည်း။ အရင်းရှင်စနစ်၏ အလုပ်သမားဈေးကွက်နှင့် Sex Work ၏ လူ့ဂုဏ်သိက္ခာအပေါ် ဘက်စုံ ဆန်းစစ်ချက်။
ပါမောက္ခ Daphna Joel ၏ Mosaic Brain သီအိုရီနှင့် ခေတ်သစ် fMRI အာရုံကြောသိပ္ပံ လေ့လာချက်များဖြင့် ဂျန်ဒါ binary အယူအဆအဟောင်းများကို အဆုံးအဖြတ် ချေဖျက်ထားသော သုတေသန။
ဗီဒီယိုဂိမ်း၏ Easy Mode ဥပမာ၊ အများသုံးအိမ်သာ၊ မှတ်ပုံတင်ပြရချိန် ဒုက္ခများမှသည် Monique Wittig ၏ Queer သီအိုရီအထိ ၁၈ ဆလိုက်ပါ ကိုယ်တွေ့ ဓာတ်ပုံစာတမ်း။
အပျိုဖော်ဝင်စောခြင်းအပေါ် ဓာတုပစ္စည်းများ (EDCs)၊ လူမှုစီးပွားရေး မညီမျှမှုနှင့် ဖိုဝါဒီ အကြည့် (Male Gaze) တို့၏ အကျိုးသက်ရောက်မှုကို ဆန်းစစ်ထားသော စာတမ်း။
အမေရိကန်-တရုတ် မဟာဗျူဟာပြိုင်ဆိုင်မှု၊ ဒေသတွင်း အင်အားချိန်ခွင်လျှာနှင့် ပြည်သူ့တော်လှန်ရေး၏ အချုပ်အခြာအာဏာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မဟာဗျူဟာ မက်ထရစ်ဖြင့် ဆန်းစစ်ချက်။
တော်လှန်ပညာရေး၊ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ကဏ္ဍများတွင် တရားဝင် ပေးအပ်ချီးမြှင့်ခံရသော ဂုဏ်ပြုမှတ်တမ်းများ။
လူငယ်အသိပညာပေး Content Writer အဖြစ် ၂၀၂၆ ဇူလိုင်လမှစတင်၍ ထူးချွန်စွာ ပါဝင်အားစိုက်ခဲ့မှုအတွက် Head of Executive Committee မင်းခန့်သွေး လက်မှတ်ရေးထိုး ချီးမြှင့်သော တရားဝင် ဂုဏ်ပြုမှတ်တမ်းလွှာ။
တက္ကသိုလ် (၃) နှစ်ပြည့် နှစ်လည်မဂ္ဂဇင်းတွင် 'နွေဦးတော်လှန်ရေးရဲ့ စာသင်ခန်းများ' သုတေသနဆောင်းပါး အထူးချွင်းချက်ဖြင့် ရွေးချယ်ဖော်ပြခံရမှုအတွက် ဒုတိယပါမောက္ခချုပ် Prof. Dr. Wings နှင့် ဌာနမှူး Assoc. Prof. Dr. Moana တို့ ချီးမြှင့်သော ဂုဏ်ပြုဆု။
မွန်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများနှင့် ဒုက္ခသည်များ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အရေးပေါ် ဆေးဝါးထောက်ပံ့မှု ကဏ္ဍတွင် လူသားချင်းစာနာထောက်ထားစွာ ပါဝင်အားဖြည့်ခဲ့မှုအတွက် ပေးအပ်သော တရားဝင် အသိအမှတ်ပြု မှတ်တမ်းလွှာ။
အမျိုးသမီးထု လွတ်မြောက်ရေး၊ လွတ်လပ်သော ဒစ်ဂျစ်တယ် စာကြည့်တိုက်နှင့် လူငယ်ဝေဖန်ရေး ပညာရေးအတွက် ဦးဆောင်လှုပ်ရှားမှုများ။
«Empowering Burmese Women Together» — မြန်မာအမျိုးသမီးများနှင့် Queer အသိုက်အဝန်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပညာရေးနှင့် တော်လှန်ဖေမီနစ်ဝါဒ ရှင်သန်ရေး မဟာမိတ်ကွန်ရက်။
မြန်မာလူငယ်များအတွက် ဒဿနိကဗေဒ၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှုနှင့် နိုင်ငံရေးသီအိုရီများကို လွတ်လပ်စွာ လေ့လာဆွေးနွေးနိုင်သော လွတ်လပ်သည့် အသိပညာဗဟိုဌာန။
History, Economics, LGBTQIA+ & Feminism, Political Science စာအုပ်နှင့် စာတမ်းပေါင်း ၁၅၂၂+ ကျော်ကို အခမဲ့ ဖွင့်လှစ်ပေးထားသော အွန်လိုင်း ပြည်သူ့စာကြည့်တိုက်။
မြန်မာလူငယ်များအတွက် ပညာရေး၊ လူ့အခွင့်အရေးနှင့် အသိပညာပေး စာပေများကို ၂၀၂၆ ဇူလိုင်မှစ၍ Content Writer အဖြစ် စေတနာ့ဝန်ထမ်း ရေးသားအားဖြည့်နေသော အဖွဲ့။
ဒဿနိကဗေဒဆိုင်ရာ အမြင်များ၊ တရားမျှတမှုအတွက် အသံများနှင့် လူမှုကွန်ရက် ဖြတ်သန်းမှုများ (လတ်တလော ၄ ခု)
နိုင်ငံရေးဒဿနိကဗေဒ (Commufemocratism)၊ လူမှုတန်းတူညီမျှရေး လှုပ်ရှားမှုများနှင့် စာပေထုတ်ဝေမှုများအား နိုင်ငံတကာ စာပေလောကနှင့် သုတေသီများ လွတ်လပ်စွာ လေ့လာစိစစ်နိုင်ရန် ပြုစုထားသော ၅ ဘာသာသုံး ပညာရပ်ဆိုင်ရာ မှတ်တမ်းချုပ်။
ဆောင်းပါးများ၊ သုတေသန ပူးပေါင်းဆောင်ရွက်မှုများနှင့် လူမှုရေး တက်ကြွလှုပ်ရှားမှုများအတွက် Telegram မှတစ်ဆင့် အချိန်မရွေး တိုက်ရိုက် စာပို့ ဆက်သွယ်နိုင်ပါသည်။